Pages

Labels

Powered by Blogger.

Saturday, January 17, 2015

Unknown (သည်းထိတ်ရင်ဖို-thriller) - 2011 Free Watch Online And Download



ဇာတ်ကားအစမှ အဆုံးထိတိုင် ထိုင်ရာမှ မထချင်လောက်အောင်ကို ဆွဲဆောင်မှုရှိတဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားဖြစ်ပါတယ်။
ဇာတ်ကားအမည်ကတော့ Unknown ဖြစ်ပါတယ်ခင်ဗျာ။
နာမည်ကြီး ဇာတ်ကားတစ်ကားမို့ ကြည့်ပြီးသူတွေလဲ ရှိပါလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် ဇာတ်လမ်းအကျဉ်းလေးတော့ ပြောပါရစေ။
အမေရိကန်နိုင်ငံမှ သိပ္ပံပညာရှင် ဒေါက်တာမာတင်ဟဲရစ်စ်နဲ့ သူ့ဇနီး လစ်ဇ်တို့ နှစ်ယောက် ဇီဝနည်းပညာဆိုင်ရာ ထိပ်သီးအစည်းအဝေးတစ်ခုကို တက်ရောက်ဖို့ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ကို ရောက်လာတာကနေ အစပြုထားပါတယ်။
ဒေါက်တာမာတင်ဟဲရစ်စ်အတွက် ဘ၀မှာ အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုကို အကောင်အထည်ဖော်ဖို့ပဲ ဆိုပါတော့။
လေဆိပ်ကနေ ကြိုတင်ဘွတ်ကင်ချိတ်ထားတဲ့ ဟော်တယ်ထံကို ဇနီးမောင်နှံနှစ်ဦး တက္ကစီတစ်စီးငှားပြီး ထွက်ခဲ့ကြပါတယ်။
ဖြစ်ချင်တော့ ဟိုတယ်ရောက်ပြီး အိတ်တွေ စစ်တဲ့အခါမှာ ဒေါက်တာမာတင်ဟဲရစ်စ်ရဲ့ ပတ်စ်ပို့အပါအ၀င် အရေးကြီးစာရွက်စာတမ်းတွေ ထည့်ထားတဲ့ လက်ဆွဲအတာချီကေ့စ်တစ်လုံး လေဆိပ်မှာ ကျန်ခဲ့မှန်း သိလိုက်ရပါတယ်။
ငှားလာတဲ့ တက္ကစီဟာလဲ ထွက်သွားပြီမို့ ဒေါက်တာမာတင်ဟဲရစ်စ်ဟာ ဟိုတယ်ထဲကို မ၀င်တော့ဘဲ နောက်ထပ်တက္ကစီတစ်စီးကို ကားလမ်းမထက် တက်ပြီး ငှားလိုက်ရပါတယ်။ ဇနီးဖြစ်သူ လစ်ဇ်ကတော့ ဟိုတယ်ထဲ ၀င်သွားခဲ့ပြီဖြစ်ပါတယ်။
အဲဒီတက္ကစီကတော့ ဂျာမနီနိုင်ငံသူတစ်ဦး ဟုတ်ဟန်မတူတဲ့ အမျိုးသမီးတစ်ဦး မောင်းတဲ့ တက္ကစီဖြစ်နေပါတယ်။
ဒေါက်တာမာတင်ဟဲရစ်စ်က လေဆိပ်ကို အနီးဆုံးလမ်းက အမြန်ဆုံးရောက်အောင် မောင်းပေးဖို့ ပြောပြီး အိတ်ကျန်ခဲ့မှန်း၊ ပြန်သွားယူမှန်း မသိသေးတဲ့ လစ်ဇ်ထံ မိုဘိုင်းဖုန်းနဲ့ ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ဖုန်းလိုင်း မမိဖြစ်နေခဲ့ပါတယ်။
တက္ကစီဒရိုင်ဘာ အမျိုးသမီးဖြစ်သူကလဲ ယာဉ်ကြောပိတ်ဆို့နေတဲ့ လမ်းတွေကို ရှောင်ကွင်းရင်း မောင်းခဲ့ပါတယ်။
တက္ကစီရဲ့ ရှေ့ယာဉ်တစ်စီးအကျော်မှာ အိမ်ထောင်ပရိဘောဂတွေ တင်ထားတဲ့ ထရပ်ကားတစ်စီး သွားနေပါတယ်။
ရုတ်တရက်ဆိုသလို အဲဒီကားပေါ်မှာ ပါလာတဲ့ ရေခဲသေတ္တာတစ်လုံးဟာ ချည်ထားတဲ့ ကြိုးပြတ်ထွက်သွားပြီး ရေခဲသေတ္တာကြီးဟာ တက္ကစီထံကို အရှိန်နဲ့ ပြေးလာပါတော့တယ်။
တက္ကစီမောင်းသူ အမျိုးသမီးလဲ ကြောက်အားလန့်အားနဲ့ ဆွဲကွေ့လိုက်တဲ့အခါ တက္ကစီကားဟာ တစ်ဖက်ယာဉ်ကျောထဲ ရောက်သွားပြီးနောက် တစ်ဖက်က အရှိန်နဲ့လာနေတဲ့ ဆိုင်ကယ်တစ်စီးနဲ့ မျက်နှာချင်းဆိုင် ဖြစ်သွားပြန်ပါတယ်။
အမျိုးသမီးဟာ ကြောက်လန့်တကြား ရှောင်ဖို့ ကြိုးစားပေမယ့် ရှောင်စရာ လမ်းမရှိတော့ဘဲ တက္ကစီဟာ ပလက်ဖောင်းကို ကျော်သွားပြီး တစ်ဖက်မှာ ရှိနေတဲ့ မြစ်ထဲ ထိုးကျသွားပါတော့တယ်။
တက္ကစီဟာ မြစ်ရေပြင်ကို အရှိန်နဲ့ ပြေးဆောင့်တဲ့အခါ ကားမောင်းသူနေရာမှာ လေအိတ်ပေါ်လာပြီး အမျိုးသမီး ထိခိုက်မှုမရပေမယ့် ဒေါက်တာမာတင်ဟဲရစ်စ်ကတော့ ကားတံခါးမှန်နဲ့ ဦးခေါင်း ဆောင့်မိပြီး သတိလစ်သွားပါတော့တယ်။
ကားမောင်းသူ အမျိုးသမီးဟာ ကားမှန်ကိုခွဲပြီး ရေထဲ နစ်မြုပ်နေပြီဖြစ်တဲ့ ကားထဲက ထွက်လိုက်နိုင်ခဲ့ပါတယ်။
နောက်ပြီး သူမဟာ ကားထဲမှာ သတိမေ့ပြီး ပါသွားတဲ့ ဒေါက်တာမာတင်ဟဲရစ်စ်ကိုပါ ကယ်ထုတ်ခဲ့ပြီး မြစ်ကမ်းပလက်ဖောင်းပေါ်က ကူညီဖို့ရောက်လာတဲ့ လူတွေရဲ့ အကူအညီနဲ့ သတိမေ့နေတဲ့ ဒေါက်တာမာတင်ဟဲရစ်စ်ကို ကမ်းပေါ်တင်ပေးခဲ့နိုင်ပါတယ်။
ဒါပေမယ့် အမျိုးသမီးဟာ လူနာတင်ကားရောက်လာပြီးနောက် ရဲကားတွေ ရောက်မလာခင်အချိန်မှာပဲ လူအုပ်ကြားမှ ပျောက်သွားပါတော့တယ်။
သည်လိုနဲ့ ဒေါက်တာမာတင်ဟဲရစ်စ်တစ်ယောက် ဆေးရုံတစ်ခုကို ရောက်လာခဲ့ရပါတယ်။
ဒေါက်တာမာတင်ဟဲရစ်စ်ဟာ ဦးခေါင်းဒဏ်ရာနဲ့ အဆုတ်ထဲ ရေ၀င်တဲ့ဒဏ်တွေကြောင့် ဆေးရုံမှာ လေးရက်ကြာကြာ သတိမရသေးဘဲ မျောနေခဲ့ပါတယ်။
သူ သတိရလာခဲ့ချိန်မှာတော့ သူမှတ်မိတာဟာ သူ့နာမည် ဒေါက်တာမာတင်ဟဲရစ်စ်ဆိုတာရယ်၊ သူ့ဇနီးလစ်ဇ်ရဲ့ နာမည်ရယ်နဲ့ သူတို့နှစ်ယောက် ဂျာမနီကို အတူတကွ လာခဲ့ကြတယ်ဆိုတာကလွဲလို့ ဘာမှ မမှတ်မိတော့ပါဘူး။
သူသတိရလာတဲ့အခါ ဆေးရုံက ဒေါက်တာနဲ့ နာ့စ်တို့က သူ့ကို မေးပေမယ့် ဘာမှ မဖြေနိုင်ပါဘူး။
ဒေါက်တာက သက်သက်သာသာနေဖို့နဲ့ သည်လို ဖြစ်တတ်ကြောင်း၊ ဒါပေမယ့် များသောအားဖြင့် မှတ်ဥာဏ်တွေကို ပြန်ရတတ်ကြောင်း၊ လူပျောက်တိုင်တန်းမှုရှိမရှိ ရဲစခန်းများအား စုံစမ်းဦးမည်ဖြစ်ကြောင်း အားပေးပြီး အနားယူဖို့ မှာသွားခဲ့ပါတယ်။
သည်လိုနဲ့ ဒေါက်တာမာတင်ဟဲရစ်စ်ဟာ ဆေးရုံခုတင်ထက်ကနေ ရုပ်မြင်သံကြားကြည့်နေရင်း ဂျာမနီက ဟိုတယ်တစ်ခုမှာ ဇီဝနည်းပညာထိပ်သီးအစည်းအဝေးတက်မယ့် ဧည့်သည်တော်ကြီးများ၊ ပညာရှင်ကြီးများ ရောက်ရှိတည်းခိုလျက် ရှိနေကြပြီဖြစ်ကြောင်း သတင်းကို တွေ့ရတဲ့အခါ သည်ဟိုတယ်ဟာ သူတို့ဇနီးမောင်နှံတည်းခိုဖို့ ငှားရမ်းထားတာဖြစ်ကြောင်း ပြန်မှတ်မိလိုက်ပါတယ်။
ဒါကြောင့် ဆရာဝန်ကြီးကို ဆေးရုံဆင်းလိုကြောင်း ပြောတဲ့အခါ ဆရာဝန်ကြီးက အလုံးစုံပြန်မှတ်မိတာ မဟုတ်သေးတဲ့အတွက် မဆင်းသင့်သေးကြောင်း တားမြစ်ပေမယ့် တစ်ဦးတည်းကျန်နေခဲ့တဲ့ ဇနီးသည်ကို စိုးရိမ်လို့ ဆေးရုံက အတင်းဆင်းပြီး ဟိုတယ်ကို ရောက်အောင် သွားပါတော့တယ်။
ဒါပေမယ့် သူ မျောနေတဲ့ လေးရက်အတွင်း ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားခဲ့တယ်ထင်ပါရဲ့။
ဇနီးသည်လစ်ဇ်ရဲ့ ဘေးမှာ နောက်ထပ် ဒေါက်တာမာတင်ဟဲရစ်စ်ဆိုတဲ့သူ တစ်ယောက် ရောက်နေပြီး လစ်ဇ်ကိုယ်တိုင်ကလည်း သူ့ကို လုံးဝမသိရပါဘူးလို့ ငြင်းဆိုနေပါတော့တယ်။

credit - ရောင်စုံအခန်းငယ်

အွန်လိုင်းမှာ ကြည့်ရန် အောက်ပါလင့်ခ်ကို နှိပ်ပါ။

ဒေါင်းလုဒ်ချရန် အောက်ပါလင့်ခ်ကို နှိပ်ပါ။






0 comments:

Post a Comment