Pages

Labels

Powered by Blogger.

Saturday, March 14, 2015

Exodus: Gods And Kings 2014



ဒီတစ်ခါတော့ Exodus: Gods And Kings ဆိုတဲ့ ဇာတ်ကားတင်ပါတယ်။
မကြာသေးခင်ကမှ ရုံတင်တဲ့ ဇာတ်ကားပါ။
သိပ်တော့ ကြိုက်လှတယ်မဟုတ်ပါဘူး။ သမိုင်းကြောင်း စိတ်ဝင်စားတဲ့သူတွေတော့ ကြည့်ရတာ အဆင်ပြေပါတယ်။
ဇာတ်ကြောင်းကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်ကျော်ကာလကို အခြေခံထားပါတယ်။ ဇာတ်လိုက်ကတော့ မိုးဇက်ပါ။ ဂျူးလူမျိုးတွေရဲ့ တမန်တော်မိုးဇက်ပေါ့။ ကျွန်တော် တမန်တော်မိုးဇက်ဆိုတာကို အီဂျစ်တွေလက်ထဲက ဂျူးတွေကို ကယ်တင်ပြီး ယနေ့အစ္စရေးနိုင်ငံရှိရာကို ခေါ်ဆောင်လာတယ်လို့သာ သိထားတာ။ သူ့အကြောင်း သိပ်မသိပါဘူး။ ဒီဇာတ်ကားကြည့်တော့မှ သူ့အကြောင်းတွေ တော်တော်များများ သိရပါတယ်။ တကယ်တမ်း အစပထမမှာ မိုးဇက်ဟာ သူ့ကိုယ်သူ ဂျူးလို့ မသိသလို ဂျူးတွေကို ကျွန်ပြုထားတဲ့ အီဂျစ်လူမျိုးတွေကလဲ မိုးဇက်ကို ဂျူးလို့ မသိပါဘူး။ အချင်းချင်း အီဂျစ်လို့ပဲ ထင်ထားပါတယ်။
ဒီနေရာမှာ ထပ်ပြောရရင် အဲဒီတုန်းက အီဂျစ်တွေရဲ့ ယဉ်ကျေးမှုဟာ အင်မတန်မြင့်တာပဲ။ တော်တော်ကို မြင့်တာ။ ဂျူးဆိုတာ အဲဒီတုန်းက ဘာမှ မဟုတ်ကြသေးဘူး။ အခုတော့ ကမ္ဘာ့လူတော်စာရင်းထဲမှာ ဂျူးတွေ ထိပ်ဆုံးကပေါ့။ အီဂျစ်ကတော့ အနောက်ရောက်သွားလေရဲ့။
ဇာတ်ကြောင်းကို ပြန်ဆက်ရမယ်ဆိုရင် မိုးဇက်က အီဂျစ်ဘုရင်ရဲ့ တူတော် စစ်သူကြီးတစ်ပါး။ အီဂျစ်ဘုရင်ရဲ့ သားတော် နန်းမွေခံ ရမ်းမက်ဆက် နဲ့ ညီအစ်ကို၊ ရမ်းမက်ဆက်နဲ့ လက်တွဲပြီး တိုက်ပွဲတွေကို အောင်မြင်ခဲ့သူ။ အချင်းချင်းလဲ ချစ်ခင်ကြတဲ့ ညီအစ်ကိုတွေပါ။
ဇာတ်လမ်းက မိုးဇက်တစ်ယောက် ပိုက်သွန်မြို့တော်မှာ တည်ဆောက်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို သွားရောက်စစ်ဆေးတာက စ ပါတယ်။ အဲဒီနေရာမှာ ဂျူးလူမျိုး ကျွန်ထောင်ပေါင်းများစွာ အလုပ်လုပ်နေကြတယ်။ ဂျူးတွေကို ထိန်းသိမ်းရခက်ကြောင်း မြို့ဝန်က သတင်းပို့လို့ သွားရောက်စစ်ဆေးတာပါ။ တကယ်တော့ မြို့ဝန်က ကလိန်ကကျစ်။ အဲဒါကို ရိပ်မိတဲ့ မိုးဇက်က အလုပ်သမားတွေကြားထဲ ကိုယ်တိုင်ဆင်းပြီး ကွင်းဆင်းစစ်ဆေးပါတယ်။
အဲဒီမှာ မိုးဇက်ကို တွေ့သွားတဲ့ ဂျူးလူမျိုးအကြီးအကဲတွေက မိုးဇက်ကို သူတို့ထံ လာတွေ့ပါလို့ စကားပါးလိုက်တယ်။ မိုးဇက်လဲ ယုံယုံကြည်ကြည်နဲ့ပဲ သွားတွေ့ပါတယ်။ အစောင့်တွေကိုတောင် အပြင်မှာ ထားခဲ့တယ်။ ဂျူးလူမျိုး ကျွန်အကြီးအကဲတွေက အဲဒီမှာ မိုးဇက်ကို ပြောတယ်။
မိုးဇက် မင်းဟာ အီဂျစ်မဟုတ်ဘူး။ ဂျူးပါ။ မင်းမွေးတဲ့အချိန်တုန်းက တိုင်းပြည်မှာ တဘောင်ထွက်တယ်။ ဂျူးတွေထဲက မင်းလောင်းပေါ်မယ်ဆိုတဲ့ တဘောင်ပေါ့။ အဲဒီတဘောင်ကြောင့် လက်ရှိ အီဂျစ်ဘုရင်က အဲဒီအချိန်တုန်းက မွေးထားသမျှကလေးတွေအကုန် သတ်ပစ်တယ်။ ဒါပေမယ့် မင်းအစ်မက မင်းကို သေမှာ စိုးလို့ မြစ်ထဲမြောလိုက်တယ်။ ပြီးတော့ သူက အီဂျစ်ဘုရင်ရဲ့ နှမတော်အိမ်တော်မှာ အိမ်စေလုပ်ပြီး မြစ်ထဲက မြောလာတဲ့ မင်းကို ဆက်သတယ်။ အီဂျစ်ဘုရင်ရဲ့ နှမတော်ကလဲ သားသမီးမရှိတော့ မင်းကို ချစ်ပြီး သူ့သားလို့ သတ်မှတ်လိုက်တယ်။ အဲဒါကြောင့် မင်းဟာ အခု အီဂျစ်စစ်သူကြီးဖြစ်နေတာပါ။ တကယ်တော့ မင်းတာဝန်ဟာ ဂျူးလူမျိုးတွေကို ကယ်တင်ဖို့ပါတဲ့။
အဲဒီမှာ မိုးဇက်ဟာ ဝေေ၀၀ါးဝါးဖြစ်သွားပြီး ကမူးရှူးထိုးနဲ့ ထွက်သွားတယ်။ သူ မယုံကြည်သေးပါဘူး။
ဒီလိုနဲ့ ဇာတ်လမ်းတစ်ခန်းရပ်ပြီး အီဂျစ်ဘုရင် နတ်ရွာစံတယ်။ ရမ်းမက်ဆက် နန်းတက်တယ်။ မိုးဇက်ကို အကြံပေးအမတ်ချုပ်အဖြစ် ခန့်တယ်။
ရမ်းမက်ဆက် နန်းတက်ပြီး မကြာခင်မှာပဲ ပိုင်သွန်မြို့ဝန်ကို တာဝန်မကျေပွန်မှု၊ အခွန်လိမ်လည်မှုတွေနဲ့ ဖမ်းဆီးပြီး နန်းတော်ခေါ်လာတယ်။ ပိုင်သွန်မြို့ဝန်ဟာ သူ့အသက်အန္တရာယ်လွတ်မြောက်ရေးအတွက် ကျွန်ဖြစ်သူ ဂျူးလူမျိုးတွေဆီက သတင်းစကားကို ရမ်းမက်ဆက်အား လျှောက်တင်လိုက်ပါတယ်။
ရမ်းမက်ဆက်အနေနဲ့ ယုံသည် မယုံသည်အပထား၊ ဘုရင်တစ်ပါးရဲ့ အာဏာကို ထိခိုက်လာမယ့်အခြေအနေမို့ မိုးဇက်ရဲ့ သွေးအစစ်ဟာ ဘာလူမျိုးလဲဆိုတာ စုံစမ်းဖို့ လိုလာပါတော့တယ်။
ကျွန်တော် မကြိုက်တဲ့အခန်းတွေက အဲဒီနောက်မှာ လာပါတယ်။ မိုးဇက် နယ်နှင်ဒဏ်အပေးခံရတယ်။ ဂျူးရွာလေးတစ်ရွာမှာ သူတို့ရဲ့ God ဘုရားသခင်နဲ့တွေ့တယ်။ ဂျူးလူမျိုးတွေကို ကယ်တင်ဖို့ မြို့တော်ကို ပြန်သွားတယ်။ သူတို့ဘုရားသခင်က ဂျူးလူမျိုးတွေ လွတ်မြောက်အောင် ကယ်တင်တယ်။ ကယ်တင်တဲ့အခါမှာ ရက်စက်မှုတွေ အများကြီးပါတယ်။ ဥပမာ ဂျူးလူမျိုးမိသားစုတွေရဲ့ ကလေးတွေက လွဲလို့ အီဂျစ်မိသားစုတွေရဲ့ ကလေးအားလုံးကို သတ်ပစ်တာမျိုး၊ ထားပါတော့။ အဲဒါတွေကိုတော့ ပိတ်ကားပေါ်မှာ ဆက်လက်ကြည့်ရှုပါ။
သမိုင်းကြောင်းကို စာအုပ်ဖတ်စရာမလိုဘဲ ဇာတ်ကားကြည့်ပြီး မှတ်သားကြတာပေါ့ဗျာ။

Click the link below to download Exodus: Gods And Kings
http://extratorrent.cc/torrent/4078585/Exodus.Gods.and.Kings.2014.BRRip.x264-eXo.html

Click the link below to watch Exodus: Gods And Kings Online
http://onlinemovies.pro/exodus-gods-and-kings-2014/

ကျေးဇူးတင်ပါတယ်။


0 comments:

Post a Comment