Pages

Labels

Powered by Blogger.

Saturday, January 17, 2015

The Flowers of War (2011) Free Watch Online And Download





The Flowers of War လို့ အမည်ရတဲ့ ၁၉၃၀ကျော် ခုနှစ်ကာလတွေအတွင်းက တရုတ်နဲ့ ဂျပန်ကြား ဖြစ်ပွားခဲ့တဲ့ စစ်အတွင်းက နန်ကင်းမြို့ကို အခြေံရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို တင်ပေးပါရစေ။

စစ်ရဲ့ အနိဌာရုံတွေကို အနုပညာဆန်စွာ တင်ပြသွားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။

၁၉၃၇ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဂျပန်နိုင်ငံက တရုတ်နိုင်ငံရဲ့ ဒေသများကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့တဲ့ စစ်ပွဲမှာ နန်ကင်းမြို့ဟာ ရှေ့တန်းအကျဆုံး မြို့တစ်မြို့ဖြစ်ခဲ့ပါတယ်။

ဂျပန်ဘုရင့်တပ်မတော်ဟာ နန်ကင်းမြို့တစ်မြို့လုံးကို ရက်စက်ကြမ်းကြုတ်စွာ သိမ်းပိုက်ရယူဖို့ ကြိုးစားနေခိုက် ကမ္ဘာပျက်သလို အချိန်လေးမှာ ဇာတ်လမ်းလေးကို စတင်အခြေပြုခဲ့ပါတယ်။

ဇာတ်လမ်းထဲမှာ John Miller အမည်ရ အမေရိကန်နိုင်ငံသား၊ သုဘရာဇာတစ်ယောက် (အလောင်းများကို ကြည့်ကောင်းအောင် ပြင်ဆင်ပေးရသူလည်းဖြစ်)ဟာ နန်ကင်းမြို့က ခရစ်ယာန်ချက်ကျောင်းတစ်ခုမှ ကျောင်းထိုင်ဆရာတော်ရဲ့ အလောင်းကို ပြင်ဆင်ပေးဖို့ ရောက်လာရင်း စစ်ပွဲအလယ်ကို ရောက်သွားခဲ့ပါတယ်။

သူဟာ ငွေရဖို့အတွက် ဒီလို စစ်ပွဲတောထဲ လာခဲ့ရတာ ဖြစ်ပြီး သူ့အတွက် လောကမှာ ငွေကသာ အရေးအကြီးဆုံးပါ။

ဒါပေမယ့် ချက်ကျောင်းကို ရောက်သွားတဲ့အခါမှာ ဘယ်သူမှ မရှိတော့ဘဲ ခိုကိုးရာမဲ့ ဆယ့်သုံး၊ ဆယ့်လေးနှစ်အရွယ် ကျောင်းသူလေးတစ်စုနဲ့ ကျောင်းထိုင်ဆရာတော်ရဲ့ မွေးစားသား ဆယ့်နှစ်နှစ်အရွယ်ကောင်လေးတစ်ယောက်ကိုသာ တွေ့လိုက်ရပါတယ်။

သက်စွန့်ဆံဖျားလာခဲ့ရတဲ့ သူ့အတွက် ပိုက်ဆံတစ်ပြားမှ ရဖို့ မရှိတော့သလို ငတ်ကိန်းပါဆိုက်နေတာကြောင့် John Miller တစ်ယောက် စိတ်ပျက်လက်ပျက်ဖြစ်နေတုန်းမှာပဲ ချက်ကျောင်းထဲကို စစ်ပြေးဒုက္ခသည်တွေ အဖြစ် ပြည့်တန်ဆာတွေလို့လဲ ပြောလို့ရတဲ့ စားသောက်ဆိုင်က အပျော်မယ်တစ်စု ရောက်လာခဲ့ကြပါတယ်။

အနောက်တိုင်းသြဇာအောက်မှာ ရှိတဲ့ ချက်ကျောင်းတွေမို့ လုံခြုံမယ်ယူဆပြီး ရောက်လာခဲ့ကြတာပါ။

ဒါပေမယ့် ချက်ကျောင်းဟာလဲ စစ်အတွင်းမှာတော့ လုံခြုံတဲ့ နေရာ မဟုတ်တော့ပါဘူး။

ဂျပန်တပ်စုတစ်စု ရောက်လာကြပြီး ချက်ကျောင်းကို ၀င်စီး ကျောင်းသူလေးများကို မုဒိမ်းကျင့်ဖို့ ကြိုးစားကြပါတယ်။ အပျော်မယ်တစ်စုကိုတော့ ကျောင်းအောက်မှာ ၀ှက်ထားတာမို့ ရှိနေကြောင်းတောင် ဂျပန်တွေက မသိခဲ့ပါဘူး။

John Miller ဟာ ဂျပန်တွေကို အစွမ်းရှိသလောက် တားဆီးခဲ့ပေမယ့် မတတ်နိုင်ခဲ့ပါဘူး။

အဲဒီဂျပန်တပ်စုဟာ ယုတ်မာဖို့ အထမမြောက်ခဲ့ဘဲ နန်ကင်းရဲ့ တစ်ဦးတည်းကျန်ရစ်သော တရုတ်စစ်သားဖြစ်သူက မိမိကိုယ်တိုင် အသေခံပြီး ဂျပန်တပ်စုကို ချေမှုန်းပေးခဲ့ပါတယ်။

ဒါပေမယ့် နန်ကင်းတစ်မြို့လုံးကို ဂျပန်တွေ သိမ်းပြီးသွားပြီမို့ နောက်ထပ်ရောက်လာတဲ့ ဂျပန်တပ်တွေဟာ ချက်ကျောင်းကို ၀ိုင်းထားလိုက်ပါတယ်။

ဂျပန်ဗိုလ်မှုးကြီးဖြစ်သူ ဟာဆီဂါဝါကိုယ်တိုင်ရောက်လာပြီး ချက်ကျောင်းကို အကာအကွယ်ပေးမည်ဖြစ်ကြောင်း၊ သို့သော် ကျောင်းသူလေးတွေဟာ သီချင်းဆိုကောင်းကြတာကြောင့် တစ်ရက်ရက် ကျင်းပမယ့် နန်ကင်းမြို့သိမ်း အောင်ပွဲအခမ်းအနားမှာ သီချင်းဆိုဖို့ လွှတ်ပေးပါရန် ဆရာတော်အဖြစ် ဟန်ဆောင်ထားသူ John Miller ကို တောင်းဆိုပါတယ်။

John Miller က နောက်ကွယ်က အကြံအစည်တွေကို သိနေတာကြောင့် မဖြစ်နိုင်ကြောင်းငြင်းပေးမယ့် ဟာဆီဂါဝါက ဒါဟာ တောင်းဆိုမှုလဲ ဖြစ်သလို အမိန့်လဲ ဖြစ်တာကြောင့် မလိုက်နာလို့ မရဘူးလို့ ပြောပြီး ပြန်သွားခဲ့ပါတယ်။

တကယ်တော့ ကျောင်းသူလေးတွေကို သီချင်းဆိုခိုင်းရုံသက်သက်မဟုတ်ဘဲ အသွေးအသားများကိုပါ စားသုံးရန်ဖြစ်ကြောင်း သေချာနေလေတော့......

စစ်ရဲ့ သားကောင်တွေ ဖြစ်ကြတော့မယ့် အပြစ်မဲ့ နုနယ်လှတဲ့ ကျောင်းသူလေးတစ်စု၊ စကားသိပ်မပြောပေမယ့် ကျောင်းသူလေးတွေအတွက် အရာရာစွန့်လွှတ်ဖို့ ဆုံးဖြတ်ထားတဲ့ ကောင်လေးတစ်ယောက်၊ ငွေလိုချင်လို့ လာခဲ့ပေမယ့် ငွေထက်အရေးကြီးတာ သိသွားခဲ့တဲ့ အနောက်တိုင်းသား သုဘရာဇာတစ်ဦး၊ လုပ်ရတဲ့ အလုပ်က နိမ့်ကျပေမယ့် အရေးကြုံတဲ့အခါ စိတ်ထားမနိမ့်ကျတဲ့ အပျော်မယ်တစ်စု၊ စစ်အတွင်း သမီးဖြစ်သူကျန်ခဲ့လို့ ဂျပန်စကားပြန်အဖြစ် စစ်ထဲ ပြန်လာခဲ့တဲ့အဖေတစ်ဦး  စတဲ့ ဇာတ်ကောင်တွေများစွာ စစ်အတွင်း ဒုက္ခတွေကြား အတ္တတွေခ၀ါချ၊ လူသားဆန်မှုတွေကို ဖော်ပြရင်း အနုပညာရသကို အကောင်းဆုံးပုံဖော်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။


ဇာတ်လမ်းအစအဆုံးကိုတော့ ပိတ်ကားပေါ်မှာပဲ ဆက်လက်ရှုစားလိုက်ကြပါဦးနော်။

http://sharerepo.com/r6ff75twl2cz

ဒေါင်းလုဒ်လိုချင်ရင်လဲ ဒေါင်းလုဒ်ဆိုတဲ့ လင့်ခ်လေးကို နှိပ်လိုက်ပါ။
အဆင်ပြေကြပါစေ။


0 comments:

Post a Comment