Pages

Labels

Powered by Blogger.

Friday, January 30, 2015

Rise of The Guardians (2012) Free Watch And Download Online



ကိုင်း - ဒီတစ်ခေါက်လဲ ကာတွန်းကားပါပဲခင်ဗျာ။
ကာတွန်းကားတွေချည်းတင်နေတယ်လို့တော့ အပြစ်တင်မစောလိုက်ပါနဲ့။ ကျွန်တော်ကလဲ ကာတွန်းကား ခရေဇီတစ်ယောက်ကိုးဗျ။
ဇာတ်လမ်းအကျဉ်းချုပ်ကိုတော့ ပြောပြရရင်တော့ ကျွန်တော်တို့ မြန်မာတွေ ယုံကြည်ထားကြတာတစ်ခု ရှိတယ်။ ကမ္ဘာကြီးကိုစောင့်တဲ့ နတ်မင်းကြီးလေးပါးရှိတယ်။ စတုမဟာရာဇ်နတ်မင်းကြီး လေးပါးပေါ့။ ဒီဇာတ်ကားထဲမှာလဲ နတ်မင်းကြီးတွေလို့ ပြောလို့ ရလောက်တဲ့ Guardian လေးယောက်ရှိတယ်။ ကမ္ဘာကို စောင့်ရှောက်တယ်ဆိုတာထက် ကလေးတွေကို စောင့်ရှောက်တာပေါ့။ ကလေးဆိုတာက တစ်ချိန်မှာ ကမ္ဘာကို ထိန်းသိမ်းမယ့်လူတွေပဲလေ။

ခရစ်စမတ်ကာလမှာ ပေါ်လာတတ်တဲ့ ခရစ်စမတ်ဘိုးဘိုးကြီးရယ်၊ အီစတာပွဲတော်ကာလမှာ လက်ဆောင်တွေလာပေးတတ်တဲ့ အီစတာယုန်ကြီးရယ်၊ ကလေးငယ်တွေရဲ့ သွားကျိုးတဲ့အချိန် အဲဒီသွားလေးတွေကို သိမ်းထားပေးတတ်တဲ့ သွားနတ်သမီးရယ်၊ ကလေးတွေရဲ့ အိပ်မက်ကောင်းတွေကို ဖန်တီးပေးတဲ့ သဲနတ်သားရယ်တို့ပေါ့။

သူတို့ဟာ သူတို့ရဲ့ စွမ်းအားတွေနဲ့ ကလေးတွေကို ပျော်ရွှင်အောင် လုပ်ရင်း ကမ္ဘာကို စောင့်ရှောက်နေတုန်းမှာပဲ အကြောက်တရားကို ကိုယ်စားပြုတဲ့  မဟူရာနတ်ဆိုးဟာ အမှောင်စခန်းထဲမှာ အကျဉ်းချထားရာကနေ လွတ်မြောက်လာပြီး ကလေးကို ကြောက်ရွံ့အောင် လုပ်ဖို့ ကြိုးစားပါတော့တယ်။

နတ်ကောင်းလေးဖော်ဟာ သူတို့ချည်းသပ်သပ် မဟူရာနတ်ဆိုးရဲ့ ဥာဏ်နီဥာဏ်နက်ကို ယှဉ်နိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် သဘာဝတရားကြီးက နောက်ထပ် နတ်တစ်ပါးကို ဖန်ဆင်းပေးလိုက်ပါတယ်။ သူကတော့ နှင်းနတ်လို့ ခေါ်နိုင်တဲ့ ဆီးနှင်း-ဂျက်ပါ။ ဖြစ်ချင်တော့ သူ့ကိုယ်သူ နတ်ဖြစ်နေမှန်းလဲ မသိ၊ လူအဖြစ်ရှိစဉ်တုန်းကလိုပဲ ပြောင်ချော်ချော်လုပ်၊ ပေါ့ပျက်ပျက်တွေးပြီး သူ့ပျော်စရာတွေကိုပဲ သူ ရှာနေတတ်သူဖြစ်နေပါရော။

ဒီဇာတ်ကားရဲ့ ကျွန်တော်အကြိုက်ဆုံးအချက်ကတော့ You can see what you believe. ဆိုတာပါပဲ။ နတ်ကောင်းလေးဖော်ကို ကလေးတွေက တကယ်ရှိတယ်လို့ ယုံကြည်ကြတဲ့အတွက် မြင်နိုင်ပါတယ်။ ဒါပေမယ့် ဆီးနှင်း-ဂျက်ကို ရှိတယ်လို့ မယုံလို့ မမြင်နိုင်ပါဘူး။ ထို့အတူ မဟူရာနတ်ဆိုးကိုလဲ ရှိတယ်လို့ မယုံလို့ မမြင်ရပါဘူး။ ဒီမှာ မဟူရာနတ်ဆိုးက နတ်ကောင်းလေးဖော်ကို ကလေးတွေက တကယ်မရှိဘူးဆိုပြီး ထင်သွားအောင် လိုက်လုပ်ပါတော့တယ်။ ဟိုနတ်ကောင်းတွေကို မယုံရင် သူ့ကို ယုံလာပါတယ်။ နတ်ကောင်းလေးဖော်ဟာ သူတို့ကို ကလေးတွေက မယုံတော့တဲ့အတွက် အစွမ်းအစတွေ တဖြည်းဖြည်းလျော့နည်းလာပါတော့တယ်။ ဆီးနှင်း-ဂျက်ကိုလဲ ကလေးတွေက ရှိတယ်လို့ မယုံကြည်တဲ့အတွက် ဆီးနှင်း-ဂျက်ဟာ ဘာမှ အသုံးမ၀င်သလို ဖြစ်နေပါတယ်။ ဒါပေမယ့် နတ်ကောင်းငါးဖော်ထဲမှာ လှုပ်ရှားနိုင်တာ စွမ်းအားတွေ ကျန်သေးတာဆိုလို့ ဆီးနှင်း-ဂျက်ပဲ ရှိပါတော့တယ်။

ဆီးနှင်း-ဂျက် ဘာလုပ်မလဲ။
မဟူရာနတ်ဆိုးပဲ အနိုင်ရသွားလေမလား။

ဆက်လက်ပြီး ပိတ်ကားပေါ်မှာ အဖြေရှာ ကြည့်ကြပါစို့။
ဘာပဲပြောပြော You can see what you believe. ဆိုတာကိုတော့ ဇာတ်ကားကြည့်ပြီးသွားရင်တောင်မှ ဘ၀အတွက် နှလုံးသွင်းထားပေတော့ဗျာ။

ဇာတ်ကားကြည့်ရန်နှင့် ဒေါင်းလုဒ်ချရန်လင့်ခ်
Download
Free Watch Online




0 comments:

Post a Comment