Pages

Labels

Powered by Blogger.
Showing posts with label Horror. Show all posts
Showing posts with label Horror. Show all posts

Tuesday, March 3, 2015

The Purge: Anarchy (2014) Free Watch And Free Download



ကျွန်တော် ဒီတစ်ခေါက်တော့ သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကား တင်ပေးပါမယ်။
အဓိပ္ပါယ်တအားမကောင်းပေမယ့် ကြည့်ပျော်ပါတယ်။ မဆိုးပါဘူး။ ကျွန်တော်ဆို ကြည့်ပြီး အိပ်မက်တွေတောင် မက်လို့။
Purge ဆိုတာ သန့်စင်ခြင်းပါ။ အမေရိကားရဲ့ လမ်းတွေပေါ်မှာ အိမ်ခြေယာမဲ့တွေ၊ ဆင်းရဲသူတွေ၊ အလုပ်လက်မဲ့တွေ များပြားလာတာကို လျှော့ချတဲ့အနေနဲ့ အမေရိကန်အစိုးရဟာ နည်းလမ်းသစ်တစ်ခုကို အသုံးပြုလိုက်ပါတယ်။ သန့်စင်ခြင်းနည်းလမ်းပါ။ တစ်နှစ်မှာ တစ်ရက်သတ်မှတ်ပြီး နိုင်ငံသားတိုင်းကို လူသတ်ခွင့်ပေးလိုက်ပါတယ်။ ဒီလိုနည်းနဲ့ အမေရိကားဟာ ဆင်းရဲမွဲတေမှုနှုန်းထားကို လျှော့ချနိုင်ခဲ့တယ်ဆိုပဲ။
မတ်လ ၂၁ရက်နေ့ဟာ သန့်စင်ခြင်းနေ့ပါ။ ညခုနစ်နာရီကနေ နောက်နေ့မနက်ခုနစ်နာရီအထိ လက်နက်ကြီးတွေက လွဲလို့ ကိုင်ဆောင်နိုင်တဲ့ လက်နက်တွေနဲ့ သတ်ဖြတ်ရင် လူသတ်မှုမမြောက်ပါဘူး။ တချို့က စနိုက်ပါသုံးတယ်။ တချို့က တုတ်တွေ ဓားတွေသုံးတယ်။ တချို့က ဂိုဏ်းနဲ့ လိုက်သတ်တယ်။ တချို့က တစ်ဦးချင်း လိုက်သတ်တယ်။ ရန်ငြိုးရန်စရှိတဲ့သူတွေအတွက်လည်း လူသတ်မှုဟာ ရာဇ၀တ်မှုမဟုတ်လို့ အဲဒီနေ့ကို စောင့်ပြီး လက်စားချေဖို့ ကြိုးစားကြတယ်။ လူချမ်းသာတွေက အိမ်ထဲမှာ သတ်ခံမယ့်သူကို ခေါ်ပြီး သတ်တယ်။ သိပ်မချမ်းသာတဲ့သူတွေက အပြင်မှာ ထွက်သတ်တယ်။ ငွေရှာလိုသူတွေက လမ်းပေါ်က လူတွေဖမ်းပြီး ချမ်းသာတဲ့သူတွေကို သွားရောင်းကြတာလဲ ရှိတယ်။
ရှိန်းနဲ့ လစ်ဇ်က လမ်းခွဲတော့မယ့် လင်မယားတွေပါ။ ရှိန်းရဲ့ ညီမဆီကို သူတို့လမ်းခွဲမယ့်အကြောင်း ပြောဖို့ ထွက်အလာ၊ သန့်စင်ခြင်းအချိန်မတိုင်မီမှာပဲ သူတို့ကားရဲ့ ဆီပိုက်ကို သန့်စင်ခြင်းဂိုဏ်းတစ်ဂိုဏ်းက တိတ်တိတ်လေး ကြိုဖျက်ဆီးလိုက်လို့ ကားမရှိတော့ပဲ အသတ်မခံရအောင် လမ်းလျှောက် ထွက်ပြေးကြရပါတော့တယ်။
အဲဒီအချိန်မှာ အီဗာလို့ ခေါ်တဲ့ စားပွဲထိုးမလေးရဲ့ မိသားစုနေတဲ့ လူနေတိုက်တာတစ်ခုဟာ တပ်ဖွဲ့ကြီးတစ်ခုဖွဲ့ပြီး လုပ်နေတဲ့ သူဌေးကြီးတစ်ယောက်ရဲ့ လက်သုံးတော်တပ်ဖွဲ့တွေ ၀င်ရောက်စီးနင်းသတ်ဖြတ်ခြင်း ခံရပါတယ်။ အီဗာနဲ့ သူမရဲ့ သမီးကာလီကတော့ ဖမ်းဆီးခြင်းခံရတယ်။ ဖမ်းပြီး ကွန်တိန်နာကားကြီးပေါ်တင်ဖို့ လုပ်နေစဉ်မှာပဲ ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အဓိက ဇာတ်ကောင် ဘန်းစ်ဟာ ကိစ္စတစ်ခုအတွက် တစ်စုံတစ်ယောက်ကို လက်စားချေဖို့ ထွက်လာတဲ့ ကားနဲ့ သွားတိုးပါတယ်။
သူက ကယ်တင်ဖို့ မရည်ရွယ်ပေမယ့် လူသတ်တပ်ဖွဲ့ဝင်တွေကို ပစ်ခတ်သတ်ဖြတ်ပြီး ကယ်တင်လိုက်မိပါတယ်။
အဲဒီအချိန်မှာပဲ ရှိန်းနဲ့ လစ်ဇ်တို့ နှစ်ယောက်ကလဲ သူ့ဆီရောက်လာပြီး သူတို့ကို သနားညှာတာကယ်တင်ဖို့ တောင်းပန်ပါတယ်။
ဒီလိုနဲ့ ဘန်းစ်ဟာ လက်စားချေဖို့ ထွက်လာရာကနေ ဒုက္ခသည်လေးယောက်ကို ကားပေါ် ခေါ်တင်မိလျက်သား ဖြစ်သွားပါတော့တယ်။ ဒီလေးယောက်ကို လုံခြုံတဲ့ နေရာပို့ပြီးမှ သူ့ကိစ္စကို လုပ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။
တကယ်တော့ တစ်မြို့လုံးမှာ လူသတ်သမားတွေသာ ကြီးစိုးနေပြီး လုံခြုံတဲ့နေရာဆိုတာ ရှာဖို့ မလွယ်ပါဘူး။ အီဗာနဲ့ ကာလီတို့ကို ဖမ်းဆီးဖို့ လုပ်တဲ့ လူသတ်တပ်ဖွဲ့ဟာလည်း သူတို့ အဖွဲ့ဝင်တွေကို သတ်ဖို့ နောက်ကလိုက်ပါတယ်။
ရှိန်းနဲ့ လစ်ဇ်တို့ရဲ့ ကားဆီပိုက်ကို ဖျက်ဆီးခဲ့တဲ့ ဂိုဏ်းကလည်း နောက်လိုက်ပါတယ်။
ဒီလိုနဲ့ ရှောင်တိမ်းရင်း ဘန်းစ်ကို ကာလီက မေးပါတယ်။ ဘာလုပ်ဖို့ သန့်စင်ခြင်းညမှာ အပြင်ထွက်လာတာလဲတဲ့။ ဘန်းစ်က မဖြေပါဘူး။ ကာလီက သိပါတယ်။ ဒါကြောင့် ကာလီက ပြန်ပြောတယ်။ တကယ်တော့ သန့်စင်ခြင်းဆိုတာ ကိုယ်မကျေနပ်တဲ့လူတွေကို သန့်စင်တာဟာ တကယ်သန့်စင်တာမဟုတ်ပါဘူး။ ကိုယ့်စိတ်ထဲက မကျေနပ်မှုတွေ၊ အာဃာတတွေ၊ အငြှိုးအတေးတွေကို သန့်စင်နိုင်တာမှ တကယ်သန့်စင်တာပါတဲ့။
ကာလီဘယ်လိုပြောပြောပါ။ သန့်စင်ခြင်း၊ မသန့်စင်ခြင်းအသာထား၊ နောက်ကလိုက်သတ်နေတဲ့ ဂိုဏ်းတွေလက်ထဲက လွတ်အောင် အရင်ပြေးရမှာမို့ ဘန်းစ်အနေနဲ့ သူ့ရဲ့ လက်စားချေမှုကိုတောင် ဆက်လုပ်နိုင်ပါဦးမလားဆိုတာ ပိတ်ကားပေါ်မှာပဲ ဆက်လက်စောင့်ကြည့်လိုက်ကြရအောင်။

Click here to watch The Purge: Anarchy (2014)
http://onlinemovies.pro/the-purge-anarchy-2014/

Click here to download The Purge: Anarchy (2014) via Torrent
http://www.yify-torrent.org/movie/34510/download-the-purge-anarchy-2014-mp4-yify-torrent.html



Tuesday, January 20, 2015

Mama (2013) Free Watch Online And Free Download




ဒီတစ်ခါတော့ ကျွန်တော် တော်တော်ကြိုက်မိတဲ့ သရဲကားတစ်ကားတင်ပေးသွားပါမယ်။
ဇာတ်ကားနာမည်က MAMAလို့ ခေါ်ပါတယ်။ 2013ခုနှစ်က ထွက်တာပါ။
တစ်နှစ်လောက်တော့ ကြာသွားပြီ။
ဇာတ်ကားအကျဉ်းချုပ်ပြောရရင်တော့ 2008စီးပွားပျက်ကပ်မှာ ထိခိုက်သွားတဲ့ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဂျက်ဖရီဟာ စိတ်ဓာတ်တွေအကြီးအကျယ်ကျဆင်းပြီး သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူ့ဇနီးကို ပစ်သတ်လိုက်ပါတယ်။ ပြီးတဲ့နောက် သုံးနှစ်အရွယ်သမီးလေး ဗစ်တိုးရီးယားနဲ့ တစ်နှစ်အရွယ်သမီးလေး လီလီတို့ကို ခေါ်ပြီး ခြေဦးတည့်ရာ လျှောက်သွားရင်း ကားပျက်ပြီး တောနက်တစ်ခုထဲ ရောက်သွားပါတယ်။
ဂျက်ဖရီရဲ့ အကြံက သမီးလေးနှစ်ယောက်ကို သတ်ပြီး သူ့ကိုယ်သူ သတ်သေဖို့ပါ။ ဒါပေမယ့် သူ့အကြံ မအောင်မြင်လိုက်ပါဘူး။ သမီးလေးနှစ်ယောက်ကို သတ်ဖို့ ချီတုံချတုံဖြစ်နေစဉ်မှာပဲ သူ့ကို တစ်စုံတစ်ခုက သတ်သွားပါတော့တယ်။ သူ သေသွားပြီးတဲ့နောက် လူမမည်သမီးငယ်လေးနှစ်ဦးဟာ လူ့လောကနဲ့ အလှမ်းဝေးလွန်းတဲ့ တောနက်ကြီးထဲမှာ ဘာမသိညာမသိ ကျန်ရစ်နေခဲ့ပါတော့တယ်။
အဲဒီနောက် ငါးနှစ်အကြာမှာ တောနက်ကြီးထဲက လူစကားမပြောတတ်ဘဲ လေးဘက်ထောက်ပြီးသာ သွားတတ်တဲ့ ကလေးနှစ်ယောက်ကို မုဆိုးနှစ်ယောက်က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူတို့ကို ကလေးတွေကို ရှာဖို့အတွက် ဂျက်ဖရီရဲ့ ညီဖြစ်သူ လူးကပ်စ်က ငွေပေးပြီး ခိုင်းစေထားခဲ့တာပါ။ ငါးနှစ်အကြာမှ ပြန်တွေ့ခြင်းဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကလေးမတွေ ပါးစပ်က တဖွဖွ ရွတ်တတ်နေတာကတော့ မားမားဆိုတဲ့ စကားလုံးပါပဲ။
ပြန်တွေ့တဲ့အခါ လူးကပ်စ်က သူနဲ့အတူ ထားချင်ပေမယ့် လူမရှိ သူမရှိ တောနက်ထဲမှာ အရိုင်းတွေလို ကြီးပြင်းခဲ့ရတဲ့ ကလေးမလေးနှစ်ယောက်အနေနဲ့ လူတွေကြားထဲ နေဖို့ မသင့်တော်သေးဘူးဆိုပြီး ဆရာဝန်က အကြံပေးတာကြောင့် လူးကပ်စ်ဟာ ကလေးမလေးတွေကို ခေါ်ပြီး ချစ်သူအန်နီဘယ်နဲ့အတူ လူသူမနီးတဲ့ တောရွာက အပန်းဖြေအိမ်တစ်ခုကို ပြောင်းရွှေ့နေထိုင်ကြပါတယ်။ အဲဒီအိမ်ကိုတော့ ကလေးမလေးတွေကို လေ့လာသုတေသနလုပ်ချင်တဲ့ စိတ်အထူးကုဆရာဝန်တစ်ယောက်က ထောက်ပံ့ပေးတာပါ။
တကယ်တော့ တောထဲမှာ ကလေးမလေးနှစ်ယောက်ဟာ သူတို့ချည်း နေထိုင်ရှင်သန်နိုင်ခဲ့ကြတာ မဟုတ်ပါဘူး။ သူတို့ပါးစပ်က ရွတ်ရွတ်နေတဲ့ မားမားဆိုတဲ့ အရာက သူတို့ရှင်သန်နိုင်အောင် စောင့်ရှောက်ပေးခဲ့တာပါ။
သူတို့နှစ်ယောက် တောနက်ထဲကနေ တောရွာလေးက အိမ်ဆီကို ပြောင်းရွှေ့ခဲ့ကြပေမယ့် သူတို့ကို လွမ်းနေတဲ့ မားမားက သူတို့ဆီ အရောက်လာခဲ့ပါတယ်။ မားမားဆိုတာ တကယ်တော့ နှစ်ချို့နေတဲ့ သရဲမကြီးတစ်ကောင်ပါ။ သ၀န်တိုစိတ်လဲ တအားကြီးလို့ ကလေးတွေကို သူကလွဲရင် ဘယ်သူမှ မချစ်ရဘူး။ ကလေးတွေကလဲ သူက လွဲရင် ဘယ်သူ့ကိုမှ မချစ်ရဘူးဆိုတဲ့ သဘောနဲ့ ကလေးတွေရဲ့ ဦးလေး လူးကပ်စ်ကို အိမ်ပေါ်က တွန်းချပြီး အသက်အန္တရာယ်ရှာပါတယ်။
ကံကောင်းချင်တော့ လူးကပ်စ်ဟာ မသေဘဲ မေ့မြောပြီး ဆေးရုံရောက်သွားပါတယ်။
အိမ်မှာ အန်နီဘယ်နဲ့ ကလေးမလေးနှစ်ယောက်သာ ကျန်ခဲ့ပါတယ်။ အန်နီဘယ်ဟာ အစတုန်းက ကလေးတွေကို အလုပ်ရှုပ်လို့ မထိန်းချင်ခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ သူကလဲ ကလေးတွေကို သံယောဇဉ်တွယ်လာခဲ့ပါတယ်။ ကလေးမလေးတွေကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်တဲ့အခါ ကလေးတွေကလဲ ပြန်ပြီး ချစ်ခင်စ ပြုလာပါပြီ။
အဲဒီအချိန်မှာ စိတ်ကုဆရာဝန်ကလဲ ကလေးတွေနောက်က နှစ်ချို့သရဲမအကြောင်းကို နည်းနည်းရိပ်မိနေပြီး ဖော်ထုတ်ဖို့ ကြိုးစားလာပါပြီ။
မားမားဆိုတဲ့ သရဲမကြီးအတွက် လုပ်စရာ သိပ်မရှိတော့ပါဘူး။
သူအရမ်းချစ်တဲ့ ကလေးတွေကို လူးကပ်စ်နဲ့ အန်နီဘယ်တို့ဆီက ပြန်လုယူမယ်။ ပြီးရင် သူ့အကြောင်းသိလာမယ့်သူကို မသိအောင် လုပ်ရပါတော့မယ်။
ဆက်လက်ပြီး ဇာတ်လမ်းအစုံကိုတော့ ပိတ်ကားပေါ်မှာ ရှုစားကြပါရန်။

Click Here To Watch And Download